Welthungerhilfe (German Agro Ation-GAA) အဖွဲ့နှင့်ပူးတွဲလုပ်ဆောင်ခြင်း
၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဧဒင်မသန်စွမ်းသက်ငယ်များပြုသုရာရိပ်မြုံသည် Welthungerhilfe (German Agro Ation-GAA) အဖွဲ့နှင့်ပူးတွဲပြီး မသန်စွမ်းကလေးများအတွက် ပင်မကျောင်းများတွင် အတန်းပညာသင်ကြားနိုင်ရေးအတွက် လူတိုင်းအကျုံးဝင်ပညာရေးလုပ်ငန်း (IE)နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းကို ဒုတိယစီမံကိန်းအဖြစ် ၂၀၀၉ ခုနှစ် ဇူလိုင်လမှ စတင်၍ ဆောင်ရွက်လျှက်ရှိပါသည်။ ယခင်ဝန်ထမ်း(၅)ဦးဖြင့် လည်ပတ်ခဲ့ပြီး ယခုအခါ အောက်ဖော်ပြပါ ၀န်ထမ်းသစ်(၅)ဦးကို တိုးချဲ့ခန့်ထားနိုင်ခဲ့ပါသည်။
|
စဉ် |
အမည် |
ရာထူး |
မှတ်ချက် |
|
၁ |
ဒေါ်အိသီတာအောင် |
Ass.IE Officer |
|
|
၂ |
ဒေါ်တင်တင်ခိုင် |
Ass.IE Officer |
|
|
၃ |
ဒေါ်ခိုင်သန္ဒာဖြိုး |
Field Staff |
|
|
၎ |
ဒေါ်နွေးနွေးဂျီရာ |
Field Staff |
|
|
၅ |
ဒေါ်ကေဇာဝင်း |
HR Staff |
|
ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၏ ပညာရေးဌာနရှိ မှ မသန်စွမ်းကလေး(၉)ဦး၊ ကလေးမိဘ(၉)ဦး၊ လုပ်အားပေးဆရာမ(၂)ဦးတို့ပူးပေါင်း၍ ကျောက်တော်ကြီးဘုရားသို့ ဘုရားဖူးသွားကြပါသည်။ ယခုကဲ့သို့ သွားရခြင်း၏ရည်ရွယ်ချက်မှာ ကလေးများစိတ်ပျော်ရွှငမှုနှင့် ခရီးသွားလာခြင်းကို ရင်းနှီးလာစေခြင်း၊ ပတ်ဝန်းကျင်ကို သိရှိနားလည် သတိပြုလာစေခြင်း၊ လူဝင်ဆံ့လာခြင်း၊ စာရိတ္တပိုင်းဆိုင်ရျာနှင့် စည်းကမ်းလိုက်နာစေရန်၊ မိဘများအတွက် ဆရာ၊ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်လာစေရန်နှင့် မိဘများသာမက ပြည်သူလူထုသို့ပါ အသိပညာပေးလိုခြင်းတို့ကြောင့် ဖြစ်ပါသည်။






