Sun Shine Learning Centre


ဧဒင် မသန်စွမ်းသင်ငယ်များပြုစုရာ ရိပ်မြုံ၏ တိုးချဲ့လုပ်ငန်းအဖြစ် ASD, ADHD ကလေးများကို ၀န်ဆောင်မှုပေးရန်အတွက်၎င်း၊ အခြားမသန်စွမ်းကလေးများကို ၀န်ဆောင်မှုပေးရန်အတွက်၎င်း၊ ရည်ရွယ်၍ သြဂုတ်လ(၃)ရက် ၂၀၀၉ခုနှစ်တွင် Sun Shine Learning Centre တစ်ခုအဖြစ် အမှတ်(က-၅၀)၊ ၀ါဦးကျောင်းလမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ တစ်ချိန်လျှင် (၁)နာရီ၊ တစ်ပတ်လျှင်(၃)ကြိမ်ဖြင့် အောက်ဖော်ပြပါ မသန်စွမ်းကလေးများကို ၀န်ဆောင်မှုပေးနေပါသည်။ ၀န်ဆောင်မှုများအနေဖြင့် အထူးပညာရေး (Special Education) ၊ Physiotherapy(PT) ၊အနုစိတ်လေ့ကျင့်ခြင်း (Occupational Therapy – OT) စသည်ဖြင့် ၀န်ဆောင်မှုပေးနေပါသည်။ ၀န်ဆောင်မှုအတွက် မသန်စွမ်းအမျိုးအစားပေါ်မူတည်၍ တစ်လလျှင် ၁၀၀၀၀ိ/- ၊ ၁၅၀၀၀ိ/- ၊ ၂၀၀၀၀ိ/- ၊ ၃၀၀၀၀ိ/- ဖြင့် ၀န်ကြေးမရှိစတ်မှတ်ထားပါသည်။
ဝန်ဆောင်မှုအေးသော ကလေးအမျိုးအစားများ
1.ASD ( Autistic Spectrum Disorder )
2. ADHD ( Attention Deficit Hyperactive Disorder )
3. Down Syndrome
4. Mental Retare (MR)
5.Cerebral Palsy (CP)
Sun Shine Training Centre ကို ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ၏ ပြင်ပ၀င်ငွေရရှိရေးလုပ်ငန်းတစ်ခုအဖြစ် ၂၀၀၉ ခုနှစ်မေလမှ စတင် ၍ ဧဒင်ရိပ်မြုံတွင် ဖွင့်လှစ်ခဲ့ပါသည်။ မသန်စွမ်းကလေးများ ပြုစုရေးကို ပိုမိုအတွေ့အကြုံရရှိစေရန် ၊ Physiotherapist များမသန်စွမ်းမှုနယ်ပယ်အား ပိုမိုနားလည်စေရန်၊ မသန်စွမ်းမှုအား ပြည်သူလူထုမှ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်လျှက် အောက်ပါသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
သင်တန်းအမျိုးအစားများ
1.Basic Care giver Training Total Hour: 60 hrs Fees: 60,000 Kyat
2.Therapy Aid Training Total Hour: 80 hrs Fees: 100,000 Kyat
3.Practical Training for Disabled Total Hour: 50 hrs Fees: 80,000 Kyat
(especially for post graduated physiotherapist)
4.Social Model of Disavility Total Hour: 48 hrs Fees: 50,000 Kyat






