အစီအစဉ်များနှင့် အနာဂတ်စီမံချက်များ
၁။ ဧဒင်ဆေးခန်း။ ၂၀၀၄ခုနှစ်၊ အောက်တိုဘာလမှစ၍ တာမွေမြို့နယ်ရှိ သျှင်ပါဂူဆေးခန်းတွင် Eden Stroke Rehabilitation and Physiotherapy Clinic ဖွင့်လှစ်ကာ မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၊ ပရဟိတလုပ်ငန်းအတွက် ၀င်ငွေရှာဖွေရေး အစီအစဉ်ကို စတင်နိုင်ခဲ့ပါသည်။
၂။ ၀န်ထမ်းများပညာမြှင့်တင်ခြင်းအစီအစဉ်။ ကျွမ်းကျင်ဝန်ထမ်းများ နိုင်ငံတွင်ရှားပါးခြင်းတို့ကြောင့် မိမိနည်း မိမိဟန်ဖြင့် ၀န်ထမ်း၏ ပညာရည်မြှင့်တင်ပေးရန် အစီအစဉ်အား အခွင့်အခါသင့်တိုင်း အမြဲတမ်း စီစဉ်ဆောင်ရွက်ပေးနေပါသည်။
၃။ မသန်စွမ်းနှင့် ပတ်သက်သော အသိပညာမြှင့်တင်ပေးခြင်း ( Awareness raising activities )။ မသန်စွမ်းနှင့်ပတ်သက်သော ဗဟုသုတများပျံနှံကာ ပြည်သူလူထုမှ မသန်စွမ်းမှုနှင့်ပတ်သက်ပြီး အသိတရား တိုးပွားလာစေရန်အတွက် ရည်ရွယ်ကာ မသန်စွမ်းကလေးများအား လေ့လာရေးပို့ဆောင်ပေးခြင်း၊ သတင်းစာစောင်များတွင် မသန်စွမ်းနှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ အခါအားလျှော်စွာ ရေးသားခြင်း စသည်တို့ကို ဆောင်ရွက်နေပါသည်။
၎။ တခြားအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်း။ ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်သာမက အခြားမသန်အစွမ်းအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်ပါ လိုအပ်သလို လက်တွဲဆောင်ရွက်နေပါသည်။
အနာဂတ် စီမံချက်များ
၁။ ကိုယ်အင်္ဂါချို့တဲ့သူများအတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို ထုတ်လုပ်ရန်၊
၂။ ၀င်ငွေရှာနိုင်သော လုပ်ငန်းများတီထွင်ပေးရန်၊
၃။ မူကြိုကျောင်းဖွင့်ရန်၊
၎။ နေရာသစ်၌ ဧဒင်မသန်စွမ်းသကငယ်များ ပြုစုရာရိပ်မြုံအသစ်ဖွင့်လှစ်ရန်၊






