ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအစီအစဉ် ( Capacity Buildind for Staff)
ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ပေးခြင်း
ဧဒင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှု မြှင့်တင်ရန်အတွက် တက်နိုင်သည့် နည်းလမ်းများကို အမြဲရှာဖွေနေပါသည်။ အများစုသောမသန်စွမ်းနှင့် ပတ်သက်သည့် ပညာရပ်များသည် ပြည်တွင်းတွင် သင်ကြားရန် မဖြစ်နိုင်သည့်အတွက် ကျွမ်းကျင်သူဝန်ထမ်းများ အလွန်ရှားပါးသည်။ ထို့ကြောင့် သက်ဆိုင်သည့် သင်တန်းများသို့ ၀န်ထမ်းများအားစေလွှတ်ခြင်း၊ လာရောက်သော ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ကိုယ့်ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ လေ့လာရေးခရီး စေလွှတ်ခြင်း စသည်တို့ဖြင့် ၀န်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း အစီအစဉ်ကို ဆောင်ရွက်နေပါသည်။






