|
မသန်စွမ်းမှု ဗဟိုပြု ဖွံ့ဖြိုးရေးစင်တာ(မဗဖစ) |
|
|
|
|
Written by Administrator
|
|
Tuesday, 06 September 2011 23:13 |
|
မသန်စွမ်းမှု ဗဟိုပြု ဖွံ့ဖြိုးရေးစင်တာ(မဗဖစ) တန်းတူညီမျှ အပြည့်အ၀ ပူးပေါင်းပါဝင်ကြ မိတ်ဆက် မသန်စွမ်းမှု ဗဟိုပြု ဖွံ့ဖြိုးရေးစင်တာကို ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံမှ ကမကထပြု ၍ အခြားလူမှုရေးအဖွဲ့အစည်းများ၏ ပါဝင်ကူညီမှုဖြင့် ၂၀၀၈ခုနှစ် မတ်လ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဓိက ပန်းတိုင်များ - မိတ်ဖက် လူမှုရေးအဖွဲ့အစည်းများ ပိုမိုစွမ်းဆောင်နိုင်ရေး - လူထုအဖွဲ့အစည်းအား ပိုမိုစွမ်းဆောင်နိုင်ရေး - မသန်စွမ်းသူများ ပိုမိုစွမ်းဆောင်နိုင်ရေး ရည်ရွယ်ချက်များ - လူမှုရေးအဖွဲ့အစည်းများအတွင်း မသန်စွမ်းမှုနှင့်ပတ်သတ်သော အရေးကိစ္စများ၊ ပြောင်းလဲနေသော သဘောထားအမြင်များအား ပိုမိုသိရှိလာစေရန်၊ - မိတ်ဘက်လူမှုရေးအဖွဲ့အစည်းများသည် မသန်စွမ်းမှုကို ပိုမိုနားလည်သတိပြုမိပြီး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်း စဉ်းစားနိုင်စေရန်၊ - လူထုအတွင်း မသန်စွမ်းမှုနှင့်ပတ်သတ်သော အရေးကိစ္စများ၊ ပြောင်းလဲနေသော သဘောထားအမြင်များအား ပိုမိုစိရှိလာစေရန်၊ - လူထုတွင်း မသန်စွမ်းမှုအပေါ် သင့်တင့်မျှတသော သဘောထားအမြင်များ ပေါ်ထွန်းလာပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးပေးရန်၊ - မသန်စွမ်းသူများ၊ အနာကြီးရောဂါသည်များ၊ ဆင်းရဲနွမ်းပါးသူများအနေဖြင့် လူအဖွဲ့အစည်းအတွင်း ပိုမိုပါဝင်နိုင်စေရန်၊ - မသန်စွမ်းကလေးငယ်များ၏ ဘ၀အရည်အသွေး၊ သွားလာဆက်သွယ်ရေးနှင့် ပညာရေးဆိုင်ရာ အထောက်အပံ့များဖွံ့ဖြိုးလာစေရန်၊ ဆောင်ရွက်မှုများ အဓိက သင်တန်းများ - ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း၊ - မသန်စွမ်းမှု ညီမျှရေးသင်တန်း၊ - မသန်စွမ်းမှု ပိုမိုသိရှိရေးသင်တန်း၊ - မသန်စွမ်းမှုနှင့် ဖွံ့ဖြိုးရေးသင်တန်း၊ အဆိုပါသင်တန်းတစ်ခုချင်းစီ၏ သင်တန်းကာလမှာ နှစ်ပတ်ဖြစ်ပါသည်။ သင်တန်းတစ်ခုလျှင် သင်တန်းသား သင်တန်သူစုစုပေါင်း(၂၅)ဦး အထိ လက်ခံပို့ချဆွေးနွေးသွားရန်ရည်ရွယ်ထားသည်။ မဗဖစ သင်တန်းလျှောက်လွှာခေါ်ယူခြင်း မသန်စွမ်းမှု ဗဟိုပြု ဖွံ့ဖြိုးရေးစင်တာသည် (၂၀၀၉)ခုနှစ်အတွင်း မသန်စွမ်းမှုနှင့် သက်ဆိုင်သော အောက်ဖော်ပြပါသင်တန်းများကို ဖွင့်လှစ်ရန်စီစဉ်ထားရှိပါသည်။ အဆိုပါသင်တန်းများကို တက်ရောက်ရန် စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ တစ်နှစ်တာ သင်တန်းအချိန်ဇယား
|
စဉ်
|
သင်တန်းအမည်
|
သင်တန်းဖွင့်ရက်
|
လျှောက်လွှာပိတ်ချိန်
|
|
၁
|
ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းသင်တန်း
|
၂၃.၂.၀၉ မှ ၆.၃.၀၉
|
၉.၂.၀၉
|
|
၂
|
မသန်စွမ်းမှု ညီမျှရေးသင်တန်း
|
၁၆.၃.၀၉ မှ ၂၇.၃.၀၉
|
၃.၃.၀၉
|
|
၃
|
မသန်စွမ်းမှု နှင့် ဖွံ့ဖြိုးရေးသင်တန်း
|
၁၈.၅.၀၉ မှ၂၉.၅.၀၉
|
၎.၅.၀၉
|
|
၎
|
မသန်စွမ်းမှု ပိုမိုသိရှိရေးသင်တန်း
|
၁၃.၇.၀၉ မှ ၂၄.၇.၀၉
|
၂၉.၆.၀၉
|
|
၅
|
ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းသင်တန်း
|
၃.၈.၀၉ မှ ၁၄.၈.၀၉
|
၂၀.၇.၀၉
|
|
၆
|
မသန်စွမ်းမှု ညီမျှရေးသင်တန်း
|
၂၄.၈.၀၉ မှ ၄.၉.၀၉
|
၁၀.၈.၀၉
|
|
၇
|
မသန်စွမ်းမှု ပိုမိုသိရှိရေးသင်တန်း
|
၂၁.၉.၀၉ မှ ၂.၁၀.၀၉
|
၇.၉.၀၉
|
|
၈
|
မသန်စွမ်းမှု ညီမျှရေးသင်တန်း
|
၃၀.၁၁.၀၉ မှ ၁၁.၁၂.၀၉
|
၁၆.၁၀.၀၉
|
အီးလ်မဲလ် :
This e-mail address is being protected from spambots. You need JavaScript enabled to view it
အီးလ်မေး
This e-mail address is being protected from spambots. You need JavaScript enabled to view it
|
|
Last Updated on Saturday, 17 September 2011 16:44 |
Comments