|
ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာ ရိပ်မြုံ အကြောင်း မိတ်ဆက်ခြင်း |
|
|
|
|
မိတ်ဆက်
ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၊ ပရဟိတလုပ်ငန်းသည် ကိုယ်အင်္ဂါချို့တဲ့သူ မသန်စွမ်းကလေးများနှင့် ဥာဏ်ရည်နိမ့်ကလေးများ၏ အထူးလိုအပ်နေသော ပြန်လည်ထူထောင်ရေး၊ ပညာရေးနှင့်အခြားလူမှုရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန်အတွက် စေတနာရှင်များမှ ၂၀၀၀ခုနှစ် ဧပြီလတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။
နောက်ခံသမိုင်း
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများဦးရေ မည်၍မည်မျှရှိသည်ကို အတိအကျစုံလင်စွာစာရင်းကောက်ထားခြင်း မရှိသေးသော်လည်း စစ်တမ်းတစ်ခု၌ဖော်ပြချက်အရ ကိုယ်လက်အင်္ဂါချို့တဲ့သူဦးရေသည် လူဦးရေ၏ ၂%ကျော်ရှိသည်ဟုဆိုခဲ့ပါသည်။ ကုလသမဂ္ဂ္ဂမှ မှတ်ယူချက်စံနှုန်းအရလူဦးရေ၏ ၁၀%သည် တစ်နည်းနည်းဖြင့် မသန်စွမ်းသူများဖြစ်ကြသည်ဟု ခန့်မှန်းထားပါသည်။ အထက်ပါတွက်ချက်မှုအရ ယနေ့လူဦးရေ သန်း (၅၀) ကျော်ရှိသော မြန်မာနိုင်ငံတွင်လူဦးရေ တစ်သန်းကျော်သည် ကိုယ်လက်အင်္ဂါချို့တဲ့သူများဖြစ်သည်ဟုမှတ်ယူနိုင်ပါသည်။
ကိုယ်အင်္ဂါချို့တဲ့သူမသန်စွမ်းကလေးများနှင့် ဥာဏ်ရည်နိမ့်ကလေးများအတွက် မြန်မာတစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သော မသန်စွမ်းသက်ငယ်ကျောင်းတစ်ကျောင်းသာ ၂၀၀၀ ခုနှစ်အထိရှိခဲ့ပါသည်။ မြောက်မြားစွာသော ကိုယ်လက်အင်္ဂါမသန်စွမ်းသူ၊ ဥာဏ်ရည်နိမ့်သူမသန်စွမ်းကလေးများသည် ယင်းတို့အထူးလိုအပ်နေသော ပြန်လည်ထူထောင်ရေး၊ ပညာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ မရရှိခဲ့ကြပေ။
သို့ဖြစ်၍ မြန်မာပြည်တွင် လတ်တလော အရေးတကြီးလိုအပ်နေသော ဤ၀န်ဆောင်မှုကွက်လပ်ကိုဖြည့်ဆည်းရန်အတွက် “ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ “ ၊ ပရဟိတလုပ်ငန်းသည် မွေးဖွားလာခဲ့ရပါသည်။
“ ဘ၀မီးတောက်ကို လက်တွဲပြီး ပြန်လည်ထွန်းညှိကြပါစို့ “'
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ
အမှတ်(၅၆)၊ ၀ါဦး(၄)လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-(၉၅-၁) ၆၄၀၃၉၉ ၊ ၄၄၁၁၄၁၉ အီးလ်မေး -
This e-mail address is being protected from spambots. You need JavaScript enabled to view it
ဝက်ဘ်ဆိုက် - http://www.edencentre.org
|